ကျပ်သိန်းငါးထောင် အောင်ဘာလေထီဆုကြီးကို အောင်ကုဋေဟိန်း ထီဆိုင်မှ ပေါက်မဲနံပါတ် ဃ ၉၄၄၃၀၀ ဖြင့်ဆွတ်ခူး

0
267

ယနေ့ အောက်တိုဘာ (၁)ရက်တွင် ဖွင့်လှစ်သည့် အောင်ဘာလေ ကျပ် ၁၀၀၀ တန် သိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်ဆုကို အောင်ကုဋေဟိန်း ထီဆိုင်မှ ပေါက်မဲနံပါတ် ဃ ၉၄၄၃၀၀ ဖြင့်ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျပ်သိန်း ၂၀၀၀ ဆုဖြစ်သည့် နံပါတ်မှာ ဃ ၈၃၃၁၄၇ နှင့် ကျပ်သိန်း ၁၀၀၀ ဆုမဲနံပါတ်မှာ ဇ ၈၉၈၅၃၆ ဖြစ်ကြောင်း အဆိုပါထီဖွင့်ပွဲမှ သိရသည်။

ယနေ့ဖွင့်လှစ်သည့် (၅၅)ကြိမ်မြောက် ကျပ် ၁၀၀၀တန်အောင်ဘာလေသိန်းဆု ထီစာအုပ်အရေအတွက် ၆၁၃,၆၄၀ အုပ်အား ရောင်းချနိုင်ခဲ့ပြီး ထီလက်မှတ်များ ရောင်းရငွေမှာ ကျပ် ၆ ဒသမ ၁ ဘီလျံကျော်ရရှိထားကြောင်းလည်း သိရသည်။

အဆိုပါ ထီလက်မှတ်ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၇၂ ဒသမ ၂၆၀ သန်းကို ဆုကြေးအဖြစ်ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်းအသိ ပေးကြေညာထားသည်။

၅၅ ကြိမ်မြောက် အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ သုံးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ရှစ်ဆု၊ကျပ်သိန်းငါးဆယ် (၁၁) ဆု၊ ကျပ်သိန်းနှစ်ဆယ် (၁၇) ဆု၊ ကျပ်ဆယ်သိန်း (၁၇) ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုအနေဖြင့် ကျပ်သုံးသိန်း (၃၀) ဆု၊ ကျပ်နှစ်သိန်း (၃၀၀) ဆု၊ ကျပ်တစ်သိန်း (၉၀၀၀) ဆု၊ ကျပ်ငါးသောင်း (၁၀,၀၀၀) ဆု၊ ကျပ်တစ်သောင်း (၁၀၀,၀၀၀) ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ဘဏ္ဍာသိမ်းရငွေ ကျပ် ၁၃၄ ဒသမ ၈၀၀ သန်းမှ ကျပ်ဆယ်သိန်း နှစ်ဆု၊ ကျပ်သုံးသိန်း ၄၀ ဆု၊ ကျပ်နှစ်သိန်း ၁၀၀ ဆု၊ ကျပ်တစ်သိန်း ၁,၀၀၀ ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here