သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်းပေါ်တွင် Light Truck ယာဉ်အား YBS က ဝင်တိုက်ရာမှ (၅) ဦးဒဏ်ရာရ

0
340

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်တွင် ယနေ့ အောက်တိုဘာ (၁) ရက် နံနက် (၁၁) နာရီခန့်က YBS 111 မှ Light Truck ယာဉ်၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်း(ရန်ကုန်)မှ သိရသည်။

“လေးထောင့်ကန် လမ်းမကြီးပေါ်က ခပ်ချီးယားမှတ်တိုင်နားမှာဖြစ်သွားတာ။ ဝင်တိုက်မိတဲ့ အရှိန်နဲ့ Light Truck ရဲ့ခေါင်းခန်းနဲ့ နောက်ခန်းကို ခြားထားတဲ့ မှန်ကွဲသွားတယ်။ ကားနောက်ပိုင်းလည်း အနည်းအကျဥ်းပျက်စီးတယ်။ YBS ခေါင်းပိုင်း ပိန်ချိုင့်တာတွေရှိတယ်။ ကားမှန်လည်းအက်ကွဲသွားပါတယ်။ ဒဏ်ရာရတဲ့လူတွေက Light Truck ကားပေါ်ကပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်တွင် Light Truck ကားမောင်းသူအပါအဝင် နောက်ခန်း၌ လိုက်ပါလာသူများအနက် အမျိုးသား၊ အမျိုးသမီး (၅) ဦး၌ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် Medical လူငယ်များလူမှုကူညီရေးအသင်း(ရန်ကုန်)မှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here