ခရီးသွားကဏ္ဍအတွက် ထုတ်ပေးထားသည့် ကိုဗစ်ချေးငွေ ၏ ၈၀ ရာခိုင်နှုန်းအထိ ပြန်မဆပ်နိုင်ကြသေး

0
300

ကိုဗစ်ရန်ပုံငွေမှ ခရီးသွားကဏ္ဍအတွက် ထုတ်ချေပေးထားသည့် ချေးငွေ၏ ၈၀ ရာခိုင်နှုန်းကို ပြန်မဆပ်နိုင်ကြသေးကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ သိရသ ည်။

” တော်တော်များများက ပြန်မဆပ်နိုင်ကြသေးဘူး။ ၂၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ဆပ်တာရှိတယ်။ ရတဲ့ချေးငွေက ဝန်ထမ်းစရိတ်နဲ့တင် ကုန်သွားတာ။ ခုချိန်ထိ မလည်ပတ်နိုင်သေးတယ့်ကုမ္ပဏီမှ အများကြီး”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ကိုဗစ်ရန်ပုံငွေမှ ခရီးသွားကဏ္ဍအတွက် ချေးငွေ ၃ ဘီလီယံရရှိခဲ့ပြီး အဆိုပါ ချေးငွေကို ကုမ္ပဏီ ၂၃၇ ခုမှ ချေးငွေထုတ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလ မတိုင်မီ ၂၀၁၉ ခုနှစ်အထိ ပြည်တွင်း၌ ခရီးသွားကုမ္ပဏီပေါင်း ၄၃၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိတွင်၂၀၀၀ ကျော်သာ လိုင်စင်ပြန်လည်လျှောက်ထားပြီး အမှန်တစ်ကယ်လည်ပတ်နေသည့် ကုမ္ပဏီမှာ ၂၀၀ ကျော်သာရှိကြောင်း သိရသည်။

“ခရီးသွားဧည့်သည်တွေက သိပ်မဝင်ကြသေးဘူး။ အစ်မတို့ဆိုရင် လေယာဉ်လက်မှတ်ရောင်းပေးတာ၊ ကားလက်မှတ်ရောင်းပေးတာတို့ပဲ လုပ်နိုင်တော့တယ်။ ခရီးသည်မပို့နိုင်တော့ဘူး။ ပြန်လည်ပတ်နိုင်အောင်တော့ ကြိုးစားနေတယ်” ဟု ပြည်တွင်းခရီးသွား ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

photo – global new light of myanmar


LEAVE A REPLY

Please enter your comment!
Please enter your name here