အောက်တိုဘာ ပထမ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်အပါအဝင် မြစ်ကြီးအများစု၏ မြစ်ရေများ စိုးရိမ်ရေမှတ်အထက်မြင့်တက်နိုင်

0
386

အောက်တိုဘာ ပထမ (၁၀) ရက်ပတ်အတွင်း ဧရာဝတီမြစ်အပါအဝင် မြစ်ကြီးအများစု၏ မြစ်ရေများ စိုးရိမ်ရေမှတ်အထက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ (၁) ရက်ကအသိပေးထုတ်ပြန်ခဲ့သည်။

မိုးဇလ၏ထုတ်ပြန်ချက်အရ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ဗန်းမော်မြို့နှင့်ရွှေကူမြို့တို့တွင် (၁)ပေမှ(၂)ပေခန့်၊ မင်းဘူးမြို့၊မကွေးမြို့၊အောင်လံမြို့၊ပြည်မြို့၊ဆိပ်သာမြို့၊ဟင်္သာတမြို့နှင့်ဇလွန်မြို့တို့တွင် ပေဝက်မှ (၂)ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ထို့ပြင် ကသာမြို့၊သပိတ်ကျင်းမြို့၊မန္တလေးမြို့၊စစ်ကိုင်းမြို့ ၊ မြင်းမူမြို့၊ပခုက္ကူမြို့၊ညောင်ဦးမြို့ နှင့်ချောက်မြို့တို့တွင်မူ ဧရာဝတီမြစ်ရေမှာ လက်ရှိရေမှတ်အောက် (၂)ပေမှ (၃)ပေခန့် ကျဆင်းလာနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့ ၊ မော်လိုက်မြို့၊ကလေး၀မြို့၊မင်းကင်းမြို့၊ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ (၂)ပေခန့်အထိ လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်ဟု မိုးဇလက အသိပေးထားသ ည်။

ထို့ပြင် မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၁)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့်မဒေါက်မြို့တို့တွင် ပေဝက်မှ(၁)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၁) ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် (၂) ပေမှ (၃)ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁) ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၃)ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်နိုင်ကြောင်း သိရသည်။

ထို့အတူ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁)ပေမှ (၁)ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့ တို့တွင် (၁)ပေမှ (၂)ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ပေခွဲခန့် လက်ရှိ ရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

အလားတူ ဒုဋ္ဌဝတီမြစ်ရေမှာ သီပေါမြို့၊ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့် လက်ရှိရေမှတ်များ အောက်ကျဆင်းလာနိုင်ကြောင်းလည်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here