အင်ဒိုနီးရှား၌ မြန်နှုန်းမြင့်ရထား ပြေးဆွဲတော့မည်

0
340

ဂျကာတာ၊အောက်တိုဘာ ၁

အင်ဒိုနီးရှား၌ မြန်နှုန်းမြင့်ရထားလမ်းအား ဆောက်လုပ်နေခဲ့သော်လည်း နှောင့်နှေးနေခဲ့ရာမှ လာမည့်အောက်တိုဘာ ၂ ရက်မှစ၍ အသုံးပြုနိုင်တော့မည်ဖြစ်ရာ မြို့တော်ဂျကာတာနှင့်ကျန်မြို့ကြီးများအား လွယ်ကူ လျင်မြန်စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ယခုစီမံကိန်းအား တရုတ်အထောက်အပံ့ဖြင့်တည်ဆောက်ခြင်းဖြစ်သည်။ဒေါ်လာဘီလျံပေါင်းများစွာကုန်ကျခဲ့ကာ အရှေ့တောင်အာရှနိုင်ငံများအတွင်း မြန်နှုန်းမြင့်ရထားစနစ်အသုံးပြုနိုင်သည်မှာ အင်ဒိုနီးရှားကပထမဆုံးဖြစ်လာခဲ့သည်။

“Whoosh” အမည်ရှိ တရုတ်နိုင်ငံလုပ်အဆိုပါကျည်ဆန်ရထားသည် ခရီးသည် ၆၀၀ ခန့်အားတင်ဆောင်နိုင်ပြီး မြို့တော်ဂျကာတာနှင့်ဘန်ဒေါင်း ကို ၄၅ မိနစ်တည်းဖြင့်သွားနိုင်တော့မည်ဖြစ်သည်။

“အောက်တိုဘာ ၁ ရက်နေ့မှာ သမ္မတက အလုပ်ရှုပ်နေတာမို့ အောက်တိုဘာ ၂ ရက်နေ့ကနေစပြီး ဖွင့်လှစ်ပြေးဆွဲဖို့စီစဉ်ခဲ့တာပါ” ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးကဆိုခဲ့သည်။

ယခုစီမံကိန်းအား ဒေါ်လာ ၅ ဘီလျံဖြင့် ၂၀၁၉ အကုန်၌စတင်နိုင်ရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် အပြီးသတ်ချိန်နောက်ကျခဲ့ကာ ကုန်ကျငွေသည်လည်း ကန်ဒေါ်လာ ၇ ဘီလျံအထိရှိခဲ့သည်ဟုသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here