တရုတ် – မြန်မာ နယ်စပ်မှတဆင့် စီးပွားရေးဗီဇာဖြင့် ယနေ့စမ်းသပ်ဖြတ်သန်းခွင့်ပေး

0
221

ယနေ့ အောက်တိုဘာ (၁) ရက်မှ စတင်ပြီး တရုတ် – မြန်မာ နှစ်နိုင်ငံ အဝင်/အထွက်ကို မူဆယ်နယ်စပ်မှ တဆင့် နိုင်ငံကူးလက်မှတ် Bussiness Visa ဖြင့် စမ်းသပ်ခွင့်ပြုထားကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“အခုကတော့ Bussiness Visa အတွက်ပဲ ။ ဒါတောင် စမ်းသပ်ခွင့်ပြုအဆင့်ပဲရှိသေးတယ်။ မကြာခင်တော့ ခွင့်ပြုသွားမယ်လို့ကြားတယ်”ဟု မူဆယ်နယ်စပ်ရှိ ကုန်သည်တစ်ဦးက ပြောသည်။

အဆိုပါ လုပ်ငန်းဗီဇာအတွက် Show Money ပြရမည်ဖြစ်ပြီး ကောင်စစ်ဝန်ရုံး သို့မဟုတ် သံရုံးတွင် ဗီဇာယူရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Bussiness Visa ဖြင့် ဝင်ရောက်မည့် သူများအနေဖြင့် တရုတ်ဘက်တွင် နေထိုင်ခွင့်တစ်လပြည့်ပါက ပြန်ထွက်၍ ဗီဇာပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းအတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများအနေဖြင့် ကုမ္ပဏီ မှတ်ပုံတင် မိတ္တူ (၁) စုံ၊ ပုံစံ (၆/၂၆) မူရင်းနှင့် မိတ္တူ (၁) စုံ လိုအပ်ပြီး ရန်ကုန်၊ မန္တလေး၊ လားရှိုးမြို့တို့တွင်ရှိသည့် နိုင်ငံကူးလက်မှတ်စိစစ်ထုတ်ပေးရေးရုံးများတွင် လျှောက်ထား ရယူနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here