ခရမ်းမြို့အနီးသို့ ဗဟိုပြုကာ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်

0
314

ယနေ့ အောက်တိုဘာ (၁) ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း၊ ခရမ်းမြို့အနီးသို့ ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့ ညနေ ၅ နာရီ ၆ မိနစ် ၁၅ စက္ကန့်အချိန်ခန့်တွင် ခရမ်းမြို့၏ အရှေ့တောင်ဘက်(၁၂)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၆ ဒသမ ၈၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၇၃)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလဗေဒ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here