တောင်ကြီးတွင် ငွေကျပ်သိန်း (၁၄၀၀) ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား ဖမ်းမိ

0
286

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်တွင် ငွေကျပ် (၁၄၉၅) သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများအား စက်တင်ဘာ (၂၈) ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့ ညနေ (၅) နာရီ (၄၅) မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်တွင် ခွန်၀င်းရွှေ(ခ)ချစ်ဆွေ(၄၁)နှစ်မောင်းကာ မမိုးမိုးအေး(ခ)မိုးခမ်း (၄၀)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အားရပ်တန့်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ဆိုင်ကယ်ပေါ်ရှိ လက်ဆွဲခြင်းများအတွင်းမှ ငွေကျပ် (၁၄၉၅) သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၉၉၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ (၂) ဦးအား တောင်ကြီးမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here