သပိတ်ကျင်း မြို့နယ်၌ ဆီဘောက်ဆာကား တိမ်း‌မှောက် ယာဉ်မောင်းသူသေ-ဆုံး ယာဥ်နောက်လိုက်ဒဏ်ရာရ

0
261

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အောက်တာဘာ (၁) ရက် နေ့လယ်ပိုင်းက ဆီဘောက်ဆာကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လယ် (၃) နာရီ (၂၀) မိနစ်ခန့်က သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး ကားလမ်း၏ မိုင်တိုင်အမှတ် ၆၇ နှင့် ၆၈ ကြားတွင် ဆီဘောက်ဆာကား တိမ်းမှောက်ခဲ့သဖြင့် သပိတ်ကျင်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက မီးလောင်မှုမဖြစ်ပွားစေရန် အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် ယာဉ်မောင်းသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေ-ဆုံးသွားခဲ့ပြီး ယာဥ်နောက်လိုက်ဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူတို့အား အောင်သုခလူမှုကူညီရေးအသင်းမှ သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here