ပုဇွန်တောင်ချောင်းအတွင်း၌ အမျိုးသားတစ်ဦး၏ ရုပ်အ-လောင်းတွေ့ရှိ

0
1920

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ကုတို့ဆိပ်ရပ်ကွက်ရှိ ပုဇွန်တောင်ချောင်းအတွင်း၌ အောက်တိုဘာ (၂) ရက်နံနက် (၆) နာရီခွဲခန့်က အမျိုးသားတစ်ဦး၏ ရုပ်အ-လောင်းတွေ့ရှိခဲ့ရကြောင်း မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

“အရင်ရက်က ရေနစ်ပျောက်ဆုံးသွားတဲ့ လူလို့သိရပါတယ်။ လိုက်ရှာကြတယ် ၊မတွေ့ခဲ့ရဘူး။ ဒီနေ့မှ Dead Body ပေါ်လာတာ။ အသက်က (၃၁)နှစ်လောက်ပါ။ တာဝန်ရှိတဲ့လူတွေလာပြီး စစ်ဆေးသွားကြပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

တွေ့ရှိခဲ့ရသည့် ရုပ်အ-လောင်းအား လူမှုကူညီရေးအသင်းဝင်များက ပုဇွန်တောင်ချောင်းအတွင်းမှ ဆယ်ယူပြီးနောက် မင်္ဂလာတောင်ညွှန့် လူငယ်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြရာ ဆေးရုံကြီးမှ PR-008 ဖြင့် လက်ခံခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here