ယခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ၄၃၉၀ ကျပ်သတ်မှတ်

0
288

အစိုးရက စားအုန်းဆီ ရည်ညွှန်းဈေးကို အပတ်စဉ် သတ်မှတ်ပေးလျက်ရှိရာ ယခုတစ်ပါတ်အတွက် ရန်ကုန်အထိုင် စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၃၉၀ ကျပ်သတ်မှတ်ထားကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

အဆိုပါ စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းမှာ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများမှ ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုအပေါ် အခြေခံကာ တွက်ချက်သတ်မှတ်ပေးထားခြင်းဖြစ်ပြီး အောက်တိုဘာ (၂) ရက်မှ အောက်တိုဘာ (၈) ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပတ်တွင် ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ ၄၃၇၅ ကျပ် သတ်မှတ်ခဲ့ပြီး ယင်းဈေးထက် (၁၅) ကျပ် မြင့်တက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်များတွင် သတ်မှတ်လက်လီ အရောင်းဆိုင်များ၌ စားအုန်းဆီတစ်ပိဿာ ကျပ် ၄၅၀၀ ဖြင့်ရောင်းချပေးနေပြီး ပြင်ပလက်လီအရောင်းဆိုင်များတွင် စားအုန်းဆီ တစ်ပိဿာလျင် ၈၀၀၀ ကျပ်ဝန်းကျင်အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

ပြည်တွင်း ဈေးကွက်အတွင်း၌ စားအုန်းဆီ ရောင်းချသူများ အနေဖြင့် ဈေးကစားဖို့ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here