လွိုင်ကော်ဟိုတယ်၀န်းအတွင်း ဓာတ်ကြိုးဖြုတ် ခိုးယူနေသူတစ်ဦး ဓာတ်လိုက်သေ-ဆုံး

0
496

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဓာတ်ကြိုးဖြုတ်ခိုးယူနေသူတစ်ဦး ဓာတ်လိုက်သေ-ဆုံးမှု ယနေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်ကော် ဟိုတယ်ဝန်းအတွင်း၌ ယနေ့ အောက်တိုဘာ (၂) ရက် နံနက်ပိုင်းက မီးကြိုးဖြုတ်ခိုးယူနေသည့် အသက် (၂၆) အရွယ် လူငယ်အမျိုးသားတစ်ဦး သေ-ဆုံးသွားခြင်းဖြစ်သည်။

” ဒီမှာက မီးကပျက်နေတာ၊ ကျွန်တော့်အထင်ပြောရရင် မီးပျက်နေတဲ့ အချိန်မှာပဲ သူကဖြုတ်နေတာ ဖြစ်မယ်၊ နောက်ဆုံးကြိုးတစ်ချောင်းပဲ ကျန်တော့တဲ့အချိန်မှာ မီးလာတဲ့အချိန်နဲ့ကြုံပြီး ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်” ဟု ရွှေညောင်ပင်လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ မှတ်ချက်ပြုပြောကြားသည်။

သေ-ဆုံးသူ၏ ရုပ်အလောင်းအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး မိသားစုနှင့်လည်း အဆက်အသွယ်မရသည့်အတွက် အောက်တိုဘာ(၃) ရက် နံနက် (၁၀)နာရီအချိန်တွင် လေးမိုင်သုသာန်၌ မြေမြှုပ်သဂြိုလ်သွားမည်ကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေညောင်ပင်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here