ထိုင်းနိုင်ငံ၌ တက္ကစီပေါ်သို့ ကွန်တိန်နာပြုတ်ကျသဖြင့် အမျိုးသမီးတစ်ဦးသေ-ဆုံး

0
214

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့အပြင်ဘက်ရှိ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ ထိုင်းအမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။ 

အဆိုပါဖြစ်စဉ်မှာ ကားလမ်းအမှတ် ၉ တွင် ကုန်တင်ကားပေါ်မှ ကွန်တိန်နာပြုတ်ကျပြီး အမျိုးသမီးနှင့်အခြားအမျိုးသားတစ်ဦးတို့ လိုက်ပါလာသည့် အငှားယာဉ်ပေါ်သို့ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ကွန်တိန်နာကိုတင်ဆောင်လာသောယာဉ်သည် လမ်းလယ်၌ချထားသော ဘန်ကာအားရှောင်တိမ်းရာမှ ဟန်ချက်ပျက်ကာ ကားပေါ်မှ ကွန်တိန်နာပြုတ်ကျခဲ့ခြင်းဖြစ်ပြီး တက္ကစီမှာရှောင်ချိန်မရလိုက်သောကြောင့် ပိသွားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် အသက် ၄၅ နှစ်အရွယ်ရှိ တက္ကစီယာဉ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကားပေါ်ပါလာသည့်အမျိုးသမီးမှာမူ အသက်ဆုံးရှုံးခဲ့ရသည်။

သေ-ဆုံးသူအမျိုးသမီး၏တူမကမူ ၎င်း၏အဒေါ်သည် နိုင်ငံခြားမှပြန်လာခြင်းဖြစ်ပြီး အိမ်မရောက်မီပင် ယခုကဲ့သို့ ဖြစ်ရပ်မျိုးနှင့်ကြုံခဲ့ရခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here