မြဝတီမြို့တွင် KBZ ဘဏ်၏ အကြီးတန်းမန်နေဂျာ တစ်ဦးပစ်-ခတ်ခံရ၍ သေ-ဆုံး

0
253

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်တွင် အောက်တိုဘာ (၂) ရက် ညနေပိုင်းက KBZ ဘဏ်၏အကြီးတန်းမန်နေဂျာတစ်ဦး ပစ်ခတ်ခံရမှုကြောင့် သေ-ဆုံးသွားခဲ့ကြော င်း သိရသည်။

ယမန်နေ့ ညနေ (၅) နာရီကျော်ခန့်က ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသား (၂) ဦးသည် ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာသည့် KBZ ဘဏ်၏ အကြီးတန်းမန်နေဂျာ ဦးတင်မောင်အေး (၄၃) နှစ်အား မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊တောရကျောင်းလမ်းနှင့် မေတ္တာ(၃) လမ်းထောင့်တွင် သေ-နတ်ဖြင့်ပစ်-ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်-ခတ်ခံရမှုကြောင့် ဦးတင်မောင်အေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေ-ဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် မြဝတီမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here