တပ်မတော် ဆေးတက္ကသိုလ်မှ နိုင်ငံတကာသို့ စေလွှတ်ကာ လေ့လာသင်ကြားစေခဲ့သည့် ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူ (၄၀) ဦး၊ ပါရဂူဘွဲ့ရရှိသူ (၂၄) ဦးနှင့် တော်ဝင်သမားတော်ဘွဲ့ရရှိသူ (၂၂၇) ဦးရှိခဲ့

0
286

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် နိုင်ငံတကာတက္ကသိုလ်များသို့စေလွှတ်၍ အဆင့်မြင့်ဆေးပညာများကို လေ့လာသင်ကြားစေခဲ့ရာ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူ (၄၀) ဦး၊ပါရဂူဘွဲ့ရရှိသူ (၂၄) ဦးနှင့် တော်ဝင်သမားတော်ဘွဲ့ရရှိသူ (၂၂၇) ဦးရှိကြောင်း နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

အောက်တိုဘာ (၂) ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့၌ ကျင်းပသည့် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်နှင့် အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် ဆေးပညာဘွဲ့များအပြင် ပညာရပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ဘွဲ့များဖြစ်သည့် ဆေးပညာဘွဲ့လွန်ဒီပလိုမာအမျိုးအစားပေါင်း (၁၆) ခု၊ ဆေးပ ညာမဟာသိပ္ပံဘွဲ့အမျိုးအစားပေါင်း (၂၇) ခုနှင့် ပါရဂူဘွဲ့အမျိုးအစားပေါင်း (၃၄) ခုတို့ကို တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

ထိုသို့ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့၍ ယခုအချိန်အထိ ဆေးပညာဘွဲ့ရရှိသူ (၄၈၄၅) ဦး၊သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိသူ (၈၉) ဦး၊ဒီပလိုမာဘွဲ့ရရှိသူ (၅၉၀) ဦး၊ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူ (၂၇၈၂) ဦး၊သွားဘက်ဆိုင်ရာမဟာသိပ္ပံဘွဲ့ရရှိသူ (၅၀) ဦးနှင့်ပါရဂူဘွဲ့ရရှိသူ (၄၂၁) ဦးရှိခဲ့သည်ဟု ပြောသည်။

တပ်မတော်ဆေး တက္ကသိုလ်နည်းတူ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွင်လည်း သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဒီပလိုမာသင်တန်း (၇) မျိုး၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဘွဲ့လွန်သင်တန်းအမျိုးအစား (၆) ခုနှင့် ပါရဂူသင်တန်းအမျိုးအစား (၃) ခုတို့ကိုတိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့သည်ဟု ပြောသည်။

ထိုသို့ ဖွင့်လှစ်ပေးနိုင်ခဲ့၍ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်မှ သူနာပြုနှင့်ကျွမ်းကျင်သူစုစုပေါင်း (၄၁၅၈) ဦး၊ဘွဲ့လွန်ဒီပလိုမာရရှိသူ (၅၂၆) ဦး၊မဟာဘွဲ့ရရှိသူ (၆ ၄၁) ဦးနှင့်ပါရဂူဘွဲ့ရရှိသူ (၃၀) ဦးရှိခဲ့သည့်အပြင် သူနာပြုနှင့် ကျွမ်းကျင်သူများကို နိုင်ငံတကာသို့စေလွှတ်ပြီးပညာသင်စေခဲ့၍ နိုင်ငံတကာတက္ကသိုလ်များမှ မဟာဘွဲ့ရရှိသူ (၅)ဦး နှင့်ပါရဂူဘွဲ့ရရှိသူ (၂) ဦးရှိခဲ့သည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here