ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့နယ်ထွေအုပ်ရုံးဝင်းအတွင်း၌ Drop Bomb (၂) လုံးပေါက်ကွဲမှုဖြစ်

0
187

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးဝင်းအတွင်း၌ အောက်တိုဘာ (၂) ရက် ညပိုင်းက Drop Bomb (၂) လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၁၀) နာရီ (၄၅) မိနစ်ခန့်က လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ကြာအင်းဆိပ်ကြီး မြို့နယ်ထွေအုပ်ရုံးအား Drone ယာဥ်အသုံးပြု၍ Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

Drop Bomb များသည် မြို့နယ်ထွေအုပ်ရုံးဝင်းအတွင်းရှိ ဥပဒေအကြံပေးရုံး ခေါင်မိုးပေါ်နှင့်ရုံးဝင်းအတွင်းရှိ မြေကွက်လပ်တို့ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဥပဒေအကြံပေးရုံး၏ ခေါင်မိုးများ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here