ကျောက်တန်းတွင် သားအဖနှစ်ဦး ထိုး-သွင်း-ပြတ်-ရှဒဏ်ရာများဖြင့် သေ-ဆုံးနေပြီး ဖုန်းတစ်လုံးပါ ပျောက်ဆုံးနေ

0
324

ရန်ကုန်တိုင်း၊ကျောက်တန်းမြို့၊အရှေ့ပိုင်းရပ်ကွက်၊ငွေသောင်ယံ(၂)နှင်းဆီလမ်းရှိ(၂)ထပ်နေအိမ်တစ်လုံးအတွင်း၌ အောက်တိုဘာ (၂) ရက် နံနက်ပိုင်းက သားအဖနှစ်ဦး ထိုး-သွင်း-ပြတ်-ရှဒဏ်ရာများဖြင့် သေ-ဆုံးနေသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် နေအိမ်သို့ လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ အသက်(၆၄)နှစ်အရွယ်ရှိ ဖခင်ဖြစ်သူမှာ အောက်ထပ်လှေကားရင်း၊ အသက် (၂၂)နှစ်အရွယ်သားဖြစ်သူမှာ အိမ်နောက်ဖေးအိမ်သာရှေ့တို့တွင် ထိုး-သွင်း-ပြတ်-ရှဒဏ်ရာများဖြင့် သေ-ဆုံးနေကာ သားဖြစ်သူကိုင်ဆောင်သည့် ဖုန်းတစ်လုံးလည်း ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ကျောက်တန်းမြို့မရဲစခန်းက (ပ)၁၂၇/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၄ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-ကိုဝင်းစိုး


LEAVE A REPLY

Please enter your comment!
Please enter your name here