ကျောက်မဲမြို့နယ်တွင် အမျိုးသားတစ်ဦး ပြောင်းပွဲရုံသို့လျှပ်စစ်မီးသွယ်တန်းပေးနေစဥ် ဓာတ်လိုက်ခံရ၍ ဓာတ်တိုင်ပေါ်မှပြုတ်ကျ

0
323

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လုပ်ပါကျေး ရွာတွင် ယနေ့ အောက်တိုဘာ (၃) ရက် နံနက် (၁၁) နာရီခန့်က ပြောင်းပွဲရုံသို့ လျှပ်စစ်မီးသွယ်တန်းပေးနေသည့် အမျိုး သားတစ်ဦး ဓာတ်လိုက်ခံရကာ ဓာတ်တိုင်ပေါ်မှပြုတ်ကျခဲ့ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။

“လုပ်ပါကျေးရွာရဲ့ ပုံဝိုးသွားလမ်းပေါ်မှာရှိတဲ့ ပြောင်းပွဲရုံကို လျှပ်စစ်မီး သွယ်တန်းပေးရာကနေ ဓာတ်လိုက်ပြီးပြုတ်ကျတာ။ အခင်းဖြစ်နေရာကိုရောက်တော့ လူနာကအသက်ရှုရပ်နေတယ်။ ဒါကြောင့် အဲဒီနေရာမှာပဲ အရေးပေါ်အသက်ကယ်လုပ်ငန်းလုပ်ခဲ့ပါတယ်။ အောက်စီဂျင်လည်း ပေးခဲ့ရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်တွင် ဓာတ်လိုက်ကာ ဓာတ်တိုင်ပေါ်မှပြုတ်ကျခဲ့သည့် အမျိုးသားအား အရေးပေါ်အသက်ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးပြီးနောက် ကျောက်မဲမြို့ပြည်သူ့ဆေးရုံသို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here