AFC Cup ပွဲ ကစားရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရှမ်းယူနိုက်တက်ထွက်ခွာ

0
342

မြန်မာနေရှင်နယ်လိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်သော ရှမ်းယူနိုက်တက်အသင်းသည် AFC Cup ပွဲ ကစားရန် ကမ္ဘောဒီးယားနိုင်ငံသို့ ယနေ့ အောက်တိုဘာ (၃) ရက်တွင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်နှင့် ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းတို့သည် လာမည့် အောက်တိုဘာလ ၅ ရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး နိုင်ပွဲရဖို့ အလေးထား ပြင်ဆင်ထားကြောင်း သိရသည်။

အဆိုပါပွဲစဉ်အတွက်အသင်း ဒုတိယ ဥက္ကဌ ဦးထိပ်ခွန်နောင်မြင့်ဝေ ကိုယ်တိုင်ဦးဆောင် လိုက်ပါသွားပြီးအုပ်ချုပ် နည်းပြအဖွဲ့ဝင် (၁၀) ဦးနှင့် ကစားသမား (၁၉) ဦး လိုက်ပါသွားကြောင်း သိရသည်။

ရှမ်းယူနိုက်တက်နှင့်ယှဉ်ပြိုင်မည့် ဖနွမ်းပင်ခရောင်းအသင်းသည် ယင်း၏လိဂ်တွင် အဆင့် (၂) နေရာ၌ရပ်တည်နေပြီး AFC Cup အုပ်စုအဖွင့်ပွဲစဉ်တွင် ဖိလစ်ပိုင်ကလပ်ကို အနိုင်ရရှိထားသည်။

ရှမ်းယူနိုက်တက်အသင်းသည် AFC Cup အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဩစတြေးကလပ် မက်ခ်အာသာအသင်း နှင့်ယှဉ်ပြိုင်ကစားတွင် ရှုံးနိမ့်ထားသည်။

မြန်မာကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းသည် AFC Cup တွင် ဖိလစ်ပိုင်ကလပ် Dynamic Herb Cebu FC၊ ဩစတြေးလျကလပ် Macarthur FC၊ ကမ္ဘောဒီးယားကလပ် Phnom Penh Crown FCတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိပြီးအိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Photo – Shan United


LEAVE A REPLY

Please enter your comment!
Please enter your name here