ဒြပ်၀တ္ထုအတွင်း အီလက်ထရွန်များရွေ့လျားခြင်းကို လေ့လာခြင်းအတွက် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆု

0
243

2023 ခုနှစ် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ပြင်သစ်-အမေရိကန်လူမျိုး Pierre Agostini၊ ဟန်ဂေရီ-သြစတြီးယား သိပ္ပံပညာရှင် Ferenc Krausz နှင့် ပြင်သစ်နိုင်ငံမှ Anne L’Huillier တို့အား ချီးမြှင့်ခဲ့ကြောင်း နိုဘယ်ဆုကော်မတီက ကြေညာလိုက်သည်။

ဒြပ်ထုအတွင်း အီလက်ထရွန်တို့၏ ဒိုင်းနမစ်ရွေ့လျားခြင်းများကို လေ့လာခြင်းအတွက် ၂၀၂၃ ခုနှစ်အတွက် ရူပဗေဒပညာဆိုင်ရာ နိုဘယ်ဆုကိုချီးမြှင့်လိုက်ခြင်းဖြစ်သည်။

“၂၀၂၃ ခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆုရှင် သုံးဦးသည် ၎င်းတို့၏ စမ်းသပ်မှုများအတွက် အသိအမှတ်ပြုခံရပြီး ၎င်းတို့သည် လူသားများကို အက်တမ်များနှင့် မော်လီကျူးများအတွင်း အီလက်ထရွန်များ၏ ဒိုင်းနမစ်ရွေ့လျားခြင်းများကို စူးစမ်းရှာဖွေရန် ကိရိယာအသစ်များ ပေးဆောင်ခဲ့သည်။ Pierre Agostini၊ Ferenc Krausz နှင့် Anne L’Huillier တို့သည် အလွန်ရှင်းလင်းသောနည်းလမ်းကို သရုပ်ပြခဲ့ကြသည်။ အီလက်ထရွန်များ ရွေ့လျားခြင်း သို့မဟုတ် စွမ်းအင်ပြောင်းလဲသည့် လျင်မြန်သော လုပ်ငန်းစဉ်များကို အအလင်းတန်းများအား တိုင်းတာရန်အတွက် အသုံးပြုနိုင်သည့် ” ဟု ကော်မတီက ရှင်းပြသည်။

“အီလက်ထရွန်တွေရဲ့နယ်ပယ်လောကကို တံခါးအသစ်တစ်ချပ်ဖွင့်နိုင်ပါပြီ။ နောက်တစ်ဆင့်က အဲဒါတွေကို အသုံးချသွားမှာပါ” ဟု ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကော်မတီ ဥက္ကဋ္ဌ Eva Olsson က ပြောသည်။

နိုဘယ်ကော်မတီ၏ အဆိုအရ ဤရှာဖွေတွေ့ရှိမှုအား နယ်ပယ်များစွာတွင် အသုံးချနိုင်ဖွယ်ရှိနေသည်။ “ဥပမာ၊ အီလက်ထရွန်နစ်ပစ္စည်းတစ်ခုတွင် အီလက်ထရွန်တို့၏ ပြုမူပုံကို နားလည်ထိန်းချုပ်ရန် အရေးကြီးပါသည်။ ဆေးဘက်ဆိုင်ရာရောဂါရှာဖွေရေးတွင်ကဲ့သို့သော မတူညီသောမော်လီကျူးများကိုခွဲခြားသတ်မှတ်ရန်အတွက်လည်း အသုံးပြုနိုင်ပါသည်” ဟုလည်း ကော်မတီက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here