မြောက်ဒဂုံမှ ရေ-နစ်ပျောက်ဆုံးနေသည့် (၁၃) နှစ်အရွယ် က-လေးငယ်၏ ရုပ်အလောင်းအား (၄) ရက်အကြာတွင် ငမိုးရိပ်ချောင်းအတွင်း ပြန်လည်တွေ့ရှိ

0
262

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် (၄၂) ရပ်ကွက်ရှိ ရွှေနန်းစံသဲကွင်းအနီး၌ ရေဆင်းကူးရာမှ ရေ-နစ်ပျောက်ဆုံးသွားသည့် (၁၃) နှစ်အရွယ် က-လေးငယ်၏ အ-လောင်းအား ငမိုးရိပ်ချောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

သေ-ဆုံးသူ (၁၃) နှစ်အရွယ် က-လေးငယ်သည် စက်တင်ဘာ (၂၉) ရက် ည (၇) နာရီအချိန်က မြောက်ဒဂုံမြို့နယ် (၄၂) ရပ်ကွက်ရှိ ရွှေနန်းစံသဲကွင်းအနီး၌ ရေဆင်းကူးရာမှ ရေ-နစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မိဘများမှ ကူညီရှာဖွေပေးပါရန် သုဝဏ္ဏပရဟိတအသင်းထံ ဆက်သွယ်အကူညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အကူညီတောင်းခံမှုကြောင့် သုဝဏ္ဏပရဟိတအသင်းမှ ငမိုးရိပ်ချောင်းအတွင်း အစုန်အဆန် ရှာဖွေပေးခဲ့ရာ (၄) ရက်မြောက်ဖြစ်သည့် အောက်တိုဘာ (၂) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း၊ သဃ်န်းမြို့နယ်၊ င/က ရပ်ကွက် ပန်းရိုက်လမ်း သံဗ္ဗာန်ဆိပ်၊ ငမိုးရိပ်ချောင်းအတွင်း၌ က-လေးငယ် ရုပ်အ-လောင်းကို ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြန်လည်တွေ့ရှိခဲ့သည့် က-လေးငယ်၏ ရုပ်အ-လောင်းကို သုဝဏ္ဏပရဟိအသင်းမှ ပြန်လည်ဆယ်ယူခဲ့ပြီး မိဘများထံအပ်နှံပေးခဲ့ကြောင်းလည်း သိရသည်။

ရုပ်အ-လောင်းကို သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံသို့ လူမှုကူညီရေးအသင်း(ဗဟန်း)မှ နာရေးယာဥ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here