YBS 140 ယာဉ်လိုင်း အောက်တိုဘာမှ စတင်၍ လှော်ကားတာဆုံမှ လသာမြို့နယ်သို့ ပြေးဆွဲ

0
706

YBS ယာဉ်လိုင်းများထဲမှ ယာဥ်လိုင်းအသစ်ဖြစ်သည့်
YBS 140 ယာဉ်လိုင်းအသစ် အောက်တိုဘာမှစတင်ကာ လှော်ကား တာဆုံမှတ်တိုင်မှ လသာမြို့နယ် လသာမှတ်တိုင်အထိ ပြေးဆွဲပေးနေပြီဖြစ်ကြောင်း GYCT Public Co.ltd မှ သိရသည်။

အဆိုပါ YBS 140 ယာဉ်လိုင်းအသစ်ကို GYCT Public Co.ltd မှ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရီးစဉ်များ အနေဖြင့် လှော်ကားတာဆုံ၊ ကွန်ပျူတာတက္ကသိုလ်၊ ရွှေပြည်သာကွေ့၊ တညင်းကုန်း၊ ပြည်တော်သာ၊ အင်းစိန်ပန်းခြံ၊ သမိုင်းလမ်းဆုံ၊ လှည်းတန်း၊ မြေနီကုန်း၊ စိန်ဂျွန်း၊ သခင်မြပန်းခြံ၊ မော်တင်၊ လသာစသည့် မှတ်တိုင်များသို့ ပြေးဆွဲပေးနေကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် YBS ယာဉ်လိုင်းများအနေဖြင့် သက်ဆိုင်ရာ ယာဉ်လိုင်းအလိုက် နံပါတ်ပြောင်းလဲ သတ်မှတ်ကာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ပြေးဆွဲပေးနေကြောင်း သိရသည်။

အဆိုပါ ယာဥ်လိုင်းသစ် YBS-140 နှင့် လမ်းကြောင်းတူ လှော်ကားတာဆုံမှ လသာမြို့နယ်အထိ YBS-39 ယာဥ်လိုင်းမှလည်း နေ့စဥ်ပြေးဆွဲပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here