မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်း အင်ဒိုနီးရှားကို အနိုင်ယူကာ ရွှေဆွတ်ခူး

0
426

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် ၁၉ ကြိမ်မြောက်အာရှ အားကစားပွဲတော် Asian Games Hangz hou 2022 ပြိုင်ပွဲတွင် မြန်မာအတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်း အားကစားနည်းမှ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်းသည် ယနေ့ အောက်တိုဘာ (၄)ရက် နံနက်ပိုင်းတွင် ဖိုင်နယ်ပွဲစဥ်အ‌နေဖြင့် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲဆက်အနိုင်ရရှိခဲ့ပြီး ပထမဆုအနေဖြင့် ရွှေတံဆိပ်ဆွတ်ခူးခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသား ပိုက်ကျော်ခြင်းအသင်းသည် ယမန်နေ့ အောက်တိုဘာ (၃) ရက်တွင်လည်း ဆီမီးဖိုင်နယ်အဆင့်၌ ဂျပန်အသင်းကို ယှဉ်ပြိုင်အနိုင်ရရှိပြီး ဖိုင်နယ်အဆင့်သို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ယနေ့ အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ဖိုင်နယ်ပွဲစဉ်၏ ပထမ ပွဲငယ်တွင် မြန်မာက ၂၁ မှတ် – ၁၃ မှတ်၊ ဒုတိယ ပွဲငယ်တွင် ၂၄ မှတ် – ၂၂ မှတ်ဖြင့် မြန်မာအသင်းက အင်ဒိုနီးရှားကို (၂)ပွဲဆက်အနိုင်ရရှိခဲ့ခြင်းဖြစ်သ ည်။

ထို့ကြောင့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းအသင်းမှ ဆွတ်ခူးရယူပေးခဲ့နိုင်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here