နောင်ချိုတွင် တည်းခိုခန်းနှင့်စားသောက်ဆိုင်ရှိ ဆိုလာမှတဆင့်ဝါယာရှော့ဖြစ်၍မီးလောင်ကျွမ်း

0
415

ရှမ်းပြည်နယ်၊မိုင်းပျဥ်းမြို့နယ်၊တုံတာမြို့၊နောင်ချိုကျေးရွာတွင်ဖွင့်လှစ်ထားသည့် တည်းခိုခန်းနှင့်စားသောက်ဆိုင်တစ်ဆိုင်၌ မီးလောင်ကျွမ်းခဲ့မှု အောက်တိုဘာ ၃ ရက်ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မိုင်းပျဥ်းမြို့နယ်၊တုံတာမြို့၊နောင်ချိုကျေးရွာတွင်ဖွင့်လှစ်ထားသည့် တည်းခိုခန်းနှင့်စားသောက်ဆိုင်တစ်ဆိုင်၌ ဆိုလာမှတဆင့်ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့သဖြင့် မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်း၊တုံတာနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းဝင်များနှင့်ကျေးရွာနေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးလောင်တဲ့ဖြစ်စဥ်မှာ လူထိခိုက်သေဆုံးတာမရှိသလို တခြားအိမ်တွေကိုကူးစက်လောင်ကျွမ်းတာလည်းမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီ ၄၀ မိနစ်၌မီးငြိမ်းသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here