ဟိန္ဒူဘုရားကျောင်း၌ ဝတ်လစ်စလစ်ဖြင့်တရားထိုင်ကာ ဗီဒီယိုရိုက်ကူးခဲ့သောနိုင်ငံခြားသားတစ်ဦးအား ရှာဖွေလျက်ရှိ

0
186

ဘာလီ၊အောက်တိုဘာ ၄

အင်ဒိုနီးရှားနိုင်ငံ ဘာလီရှိ ဟိန္ဒူဘုရားကျောင်း၌ ဝတ်လစ်စလစ်ဖြင့်တရားထိုင်ကာ ဗီဒီယိုရိုက်ကူးခဲ့သည့် နိုင်ငံခြားသားတစ်ဦးအား ဘာလီအာဏာပိုင်များကရှာဖွေလျက်ရှိကြောင်းသိရသည်။

အဆိုပါဗီဒီယိုသည် အွန်လိုင်းတွင်ပျံ့နှံ့လာပြီးနောက် ဒေသခံများနှင့်အာဏာပိုင်များက မလျော်ကန်မသင့်မြတ်သောအပြုအမူအဖြစ်ရှုံ့ချခဲ့ကြပြီး ဟိန္ဒူဘာသာအပေါ်စော်ကားသည်ဟုရှုမြင်သဖြင့် ယခုကဲ့သို့လိုက်လံရှာဖွေနေခြင်းလည်းဖြစ်သည်။

အဆိုပါအမျိုးသား၏ ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်မှတစ်ဆင့် အာဏာပိုင်များကဆက်သွယ်ပြောကြားခဲ့သော်လည်း ယခုအထိပြန်တုံ့ပြန်ခြင်းမရှိသေးကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏အကြီးအကဲကပြောကြားခဲ့သည်။

ကိုဗစ်ကပ်ရောဂါပြီးနောက် ပြန်လည်ဖွင့်လှစ်ပြီးကတည်းက ခရီးသွားလုပ်ငန်းကိုသာ မှီခိုအားထားနေရသော ဘာလီသည် ခရီးသွားဧည့်သည်များ၏ မသင့်လျော်သည့်အပြုအမူများကိုကြုံတွေ့နေရသည်။ 

ဇွန်လကမူ ဒိန်းမတ်အမျိုးသမီးတစ်ဦးသည် မော်တော်ဆိုင်ကယ်စီးနေစဉ် လူအများရှေ့၌ ၎င်း၏လိင်အင်္ဂါကိုထုတ်ဖော်ပြသခဲ့သဖြင့်ပြည်နှင်ဒဏ်ခံခဲ့ရပြီး အလားတူပင် ရုရှားအမျိုးသမီးတစ်ဦးသည်လည်း မြင့်မြတ်သော သစ်ပင်ရှေ့တွင် ဝတ်လစ်စလစ်ပုံတင်လိုက်ခြင်းကြောင့် အာဏာပိုင်များက ၎င်းအားကျွန်းမှထွက်ခွာရန်အမိန့်‌ပေးခဲ့ရဖူးသည်။

Source : BNN
Photo Credit – Instagram @ niluhdjelantik


LEAVE A REPLY

Please enter your comment!
Please enter your name here