AFC Futsal Asian Cup 2024 ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် တာဂျစ်ကစ္စတန် နိုင်ငံသို့ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းထွက်ခွာ

0
358

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် တာဂျစ်ကစ္စတန် နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အဆိုပါခြေစစ်ပွဲအတွက် ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၂၄ ရက်မှ စတင်ကာ ပဏာမ ကစားသမား ၁၆ ဦးဖြင့် လေ့ကျင့်ခဲ့ပြီး ယနေ့ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်မှ ခြေစစ်ပွဲယှဉ်ပြိုင်ရမည့် တာဂျစ်ကစ္စတန် နိုင်ငံသို့ ထွက်ခွာခဲ့ကာ အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၉ ဦး၊ ကစားသမား ၁၄ ဦး တို့ပါဝင်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲများအဖြစ် အောက်တိုဘာ ၇ ရက်တွင် ပါလက်စတိုင်း အသင်း၊ အောက်တိုဘာ ၉ ရက်တွင် အိန္ဒိယအသင်း၊ အောက်တိုဘာ ၁၁ ရက်တွက် အိမ်ရှင် တာဂျစ်ကစ္စတန် အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ပုံစာ – ထိုင်းနိုင်ငံတွင် လေ့ကျင့်ပြင်ဆင်နေသော မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်း

Photo – MFF Futsal


LEAVE A REPLY

Please enter your comment!
Please enter your name here