မကွေးတိုင်းက အသက်(၁၂၃)နှစ်အရွယ် အဘွားဒေါ်ချောယဉ် မြန်မာတစ်နိုင်ငံလုံး အသက်ကြီးဆုံး အဘွားအဖြစ် ရွေးချယ်ခံခဲ့ရ

0
313

မကွေးတိုင်းဒေကြီး၊ မင်းကံကြီးရပ်ကွက်တွင် နေထိုင်သည့် အသက်(၁၂၃)နှစ်အရွယ် အဘွားဒေါ်ချောယဉ်ကို မြန်မာတစ်နိုင်ငံလုံး အသက်ကြီးဆုံး အဘွားအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။

ရွေးချယ်ခံရသူ အဘွား ဒေါ်ချောယဉ်မှာ မကွေးတိုင်း၊ ဖန်ခါးမြေ ဘိုးဘွာရိပ်သာဓမ္မာရုံတွင် အောက်တိုဘာ ၁ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုနေ့ အခမ်းအနားကို တက်ရောက် ကန်တော့ခံခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းနားတွင် အဘွား ဒေါ်ချောယဥ်ကို မြန်မာတစ်နိုင်ငံလုံးမှ အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် အဘွား ဒေါ်ချောယဉ်ကို ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုနေ့ အထိမ်းအမှတ် လူမှုဝန်ထမ်းဦးစီးဌာနက ဂုဏ်ပြု ငွေကျပ် ၁၀ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here