ယခုဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုတန်ဖိုး မြင့်တက်လာ

0
188

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၆)လတာ ကာလအတွင်း မြန်မာနယ်စပ်ကုန်သွယ်မှု တန်ဖိုးမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ စက်တင်ဘာ (၂၂) ရက်အထိ မြန်မာနယ်စပ်ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ ဒသမ ၅၈ ဘီလီယံကျော်ရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကာလတူတွင် ကန်ဒေါ်လာ ၃ ဒသမ ၈၇ ဘီလီယံကျော် တင်ပို့ထားသည့်အတွက် ကန်ဒေါ်လာ သန်း ၇၁၀ ဒသမ ၃၁၄ သန်း တိုးတက်လာခြင်းဖြစ်သည်။

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၉၃ ဘီလီယံ၊ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ကန်ဒေါ်လာ ၂ ဒသမ ၆၃ ဘီလီယံဖြင့် အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးတွင် ကန်ဒေါ်လာ ၈ ဒသမ ၉၅ သန်းနှင့် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးတွင် ကန်ဒေါ်လာ ၂ ဒသမ ၃၇ သန်းဖြင့် အနည်းဆုံးကုန်သွယ်မှုပြုလုပ်ထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here