နဂါးလှေ မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ကြေးရရှိ

0
305

တရုတ်နိုင်ငံတွင် ကျင်းပနေသော (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၊ နဂါးလှေပြိုင်ပွဲ မီတာ (၅၀၀) အမျိုးသမီးပွဲစဉ်များ ယှဉ်ပြိုင်မှုအပြီးတွင် မြန်မာအသင်း ကြေးရရှိခဲ့ကြောင်း သိရသည်။

အမျိုးသမီးနဂါးလှေပြိုင်ပွဲမီတာ (၅၀၀) ပထမအဆင့်တွင် မြန်မာက ဒုတိယနေရာမှ ပန်းဝင်ခဲ့ပြီး ဆီမီးဖိုင်နယ်တွင်လည်း ဒုတိယနေရာမှ ပန်းဝင်ခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် စံချိန် (၂.၂၄.၈၉၀) စက္ကန့်ဖြင့် ပန်းဝင်ခဲ့သောကြောင့် တတိယဆု အဖြစ်‌ကြေးဆုကို ရရှိခဲ့‌ကြောင်း သိရသည်။

ပထမရွှေတံဆိပ်ကို အိမ်ရှင်တရုတ်၊ ဒုတိယငွေတံဆိပ်ကို အင်ဒိုနီးရှားတို့က ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here