သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာ၏ ရုပ်ကလာပ်အား အောက်တိုဘာ (၇) ရက်၌ မီးသဂြိုလ်မည်

0
247

ပါမောက္ခချုပ် ဆရာတော်ကြီး၏ အမတော်ဖြစ်သည့် စစ်ကိုင်းမြို့၊ ကဉ္စနာရာမချောင်တွင် နေထိုင်တော်မူသည့် သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာ သက်တော်(၉၇)နှစ်သည် အောက်တိုဘာ (၅) ရက် နံနက် (၅) နာရီ (၅)မိနစ်က ဘဝတစ်ပါးသို့ပျံလွန်‌တော်မူသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် သီလရှင် ဆရာကြီး ဒေါ်ကဉ္စနာ၏ ရုပ်ကလာပ်အား အောက်တိုဘာ (၇) ရက်နံနက် (၉) နာရီတွင် စစ်ကိုင်းမြို့၊ ရွှေသမားရပ်ရှိ ရွှေသမား ရွှေရိပ်သာသုဿန်၌ မီးသဂြိုလ်သွားမည်ဖြစ်ကာ မဟာသုဗောဓာရုံ ကဉ္စနာရာမချောင်မှ နံနက် (၈) နာရီတွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မောင်တော်ဖြစ်သည့် ပါမောက္ခချုပ်ဆရာ‌တော်ကြီးသည်လည်း အမတော် သီလရှင်ဆရာကြီးဒေါ်ကဉ္စနာ၏ ဈာပနပြုလုပ်နိုင်ရန် ရောက်ရှိတော်မူနေကာ လိုအပ်သည်များကို စီစဉ်မိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here