စစ်တွေမြို့တွင် အရက်ဝယ်စဥ် စကားများရန်ဖြစ်ရာမှ ဆိုင်ပိုင်ရှင်က ဓားဖြင့်ခုတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

0
197

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံအကွက်(၁) ကျူးကျော်၌ အောက်တိုဘာ (၄) ရက်ညပိုင်းက အရက်ဝယ်စဥ်စကားများရန်ဖြစ်ရာမှ ဆိုင်ပိုင်ရှင်က ဓားဖြင့်ခုတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှ င်းမှ သိရသည်။

ယမန်နေ့ ည (၉) နာရီခွဲခန့်က စစ်တွေမြို့၊ မင်းဂံအကွက် (၁) ကျူးကျော်ရှိ အရက်ဆိုင်၌ အရက်ဝယ်သည့် အမျိုးသားတစ်ဦးနှင့် အရက်ဆိုင်ပိုင်ရှင်တို့ စကားများရန်ဖြစ်ရာမှ အရက်ဆိုင်ပိုင်ရှင်က ဓားဖြင့်လိုက်ခုတ်ခဲ့ရာထွက်ပြေးစဥ် ဦးခေါင်းနောက် စေ့အားခုတ်မိသဖြင့် အရက်လာဝယ်သူမှာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အရက်လာဝယ်တဲ့ လူရဲ့အသက်က (၃၅)နှစ်လောက်ရှိပြီ။ နောက်စေ့ပြတ်ရှ ဒဏ်ရာတစ်ချက်နဲ့ သေဆုံးသွားတာပါ။ ဓားနဲ့ခုတ်ခဲ့တဲ့ အရက်ဆိုင်ပိုင် ရှင်ကိုလည်း ရဲစခန်းမှာဖမ်း ထားပါတယ်။ ကျွန်တော်တို့ သိရသလောက်ဆိုရင် အရက်ဆိုင်ပိုင်ရှင်က ဓားနဲ့ခုတ်ပြီးတော့ ရဲစခန်းမှာသွားပြီး အဖမ်းခံလိုက်တယ်လို့ ကြားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းအား ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆော င်ပေးခဲ့ကြောင်း သိရသည်။

Photo-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း


LEAVE A REPLY

Please enter your comment!
Please enter your name here