မင်္ဂလာတောင်ညွန့်ရှိ မီနီကွန်ဒိုတစ်ခု၏ ဓါတ်လှေခါးတွင် အမျိုးသမီး တစ်ဦး ပိတ်မိ

0
302

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းလမ်း၊ ရွှေမြယာအိမ်ရာအရှေ့ဘက် မီနီကွန်ဒိုတစ်ခုရှိ ဓါတ်လှေခါးတွင် အမျိုးသမီးတစ်ဦး ပိတ်မိမှုဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူမှုကူညီရေး အသင်းမှ သိရသည်​။

ဖြစ်စဥ်မှာ အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်က မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်း၊ ရွှေမြယာအိမ်ရာအရှေ့ဘက်ရှိ မီနီကွန်ဒိုဓါတ်လှေခါးတွင် အမျိုးသမီးတစ်ဦး ပိတ်မိနေခဲ့ကြောင်း အသင်းမှ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓါတ်လှေခါးထဲတွင် အမျိုးသမီးတစ်ဦး ပိတ်မိကြောင်း သတင်းအရ မဂ်လာတောင်ညွန့်ရှိ ပရဟိတအသင်းများသို့ ဆက်သွယ်ပြီး ဖြစ်စဉ်နေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နေရာအရောက် ဓါတ်လှေကားထဲ ပိတ်မိနေသည့် အမျိုးသမီးအား ရှေးဦးပြုစုပေးခဲ့ရကာ သက်သာလာခဲ့ကြောင်း အသင်းမှ သိရသည်။

အဆိုပါ မီနီကွန်ဒိုရှိ ဓါတ်လှေကားတွင် ပြီးခဲ့သည့် အပတ်ကလည်း လူပိတ်မိမှူ ဖြစ်ပွားခဲ့သေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here