ကန်အောက်လွှတ်တော်ဥက္ကဌ ကက်ဗင်မက်ကာသီအား ရာထူးမှဖြုတ်ချ

0
260
Speaker of the House Kevin McCarthy, Republican of California, talks to reporters, outside his office at the US Capitol in Washington, DC on October 3, 2023. - McCarthy was fighting for his political life ahead of a vote expected Tuesday on whether to remove him as House speaker, forced by far-right critics angered by his work with Democrats. McCarthy sparked fury among the ultra-conservative wing of the party when he passed a bipartisan stopgap funding measure backed by the White House to avert a government shutdown on September 30, 2023. (Photo by Mandel NGAN / AFP)

ဝါရှင်တန်၊အောက်တိုဘာ ၄

အမေရိကန်အောက်လွှတ်တော်က ၎င်း၏ဥက္ကဌဖြစ်သည့် ရီပတ်ဘလစ်ကန်အမတ် ကက်ဗင်မက်ကာသီအား အင်္ဂါနေ့ကမဲခွဲဆုံးဖြတ်ကာဥက္ကဌအဖြစ်မှဖြုတ်ချခဲ့ပြီး အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်ဥက္ကဌတစ်ဦးအား ယခုကဲ့သို့ ဖြုတ်ချခဲ့ခြင်းဖြစ်သည်။

ကလီဖိုးနီးယားပြည်နယ်မှမစ္စတာမက်ကာသီသည် ၎င်း၏နှစ်ရှည်ပြိုင်ဖက်တစ်ဦးဖြစ်သည့် ဖလော်ရီဒါမှ မစ္စတာမက်ဂိတ်ဇ်နှင့်သ‌ဘောထားတင်းမာ‌သော ကွန်ဆာဗေးတစ်ရီပက်ဘလစ်ကန်အဖွဲ့ဝင်ရှစ်ဦးက ဒီမိုကရက်အဖွဲ့ဝင်များနှင့်ပူးပေါင်းကာ မစ္စတာမက်ကာသီအားရာထူးမှဖယ်ရှားခဲ့ခြင်းလည်းဖြစ်သည်။
မဲခွဲဆုံးဖြတ်မှုအရ နောက်ဆုံးအဖြေမှာ ၂၁၆ နှင့် ၂၁၀ တို့ဖြစ်သည်။

သို့သော် မစ္စတာမက်ကာသီအားထောက်ခံသူများကမူ ၎င်းတို့အနေဖြင့် နောက်လာမည့်လွှတ်တော်ဥက္ကဌရွေးချယ်ပွဲ၌ မစ္စတာမက်ကာသီ၏နာမည်အား ထပ်မံအဆိုပြုတင်သွင်းရန်စီစဉ်ထားသည်ဟုပြောကြားခဲ့သည်။

Source : CNBC


LEAVE A REPLY

Please enter your comment!
Please enter your name here