မကွေးတွင် တစ်‌ယောက်တည်းနေသည့် အမျိုးသမီးတစ်ဦး အခန်းတစ်ခုအတွင်း၌ ‌ေ-သ-ဆုံးနေ

0
224

မကွေးတိုင်း၊ မကွေးမြို့ရှိ ပြည်တော်သာတိုက်၊ အမှတ် (၁၂)၊ အပေါ်ထပ် အခန်း(၂)တွင် ‌ေ-သ-ဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယနေ့ အောက်တိုဘာ (၅) ရက် ညနေ (၄) နာရီခန့်က တွေ့ရှိခဲ့ရကြောင်း ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“အပုတ်နံ့ထွက်နေလို့ လိုက်ရှာကြရင်းနဲ့ ‌ေ-သ-ဆုံး‌နေတာကိုတွေ့တာပါ။ ‌ေ-သ-ဆုံးနေတဲ့ အမျိုးသမီးက အဲဒီအခန်းမှာတစ်ယောက်တည်း နေတာလို့သိရပါတယ်။ ပတ်ဝန်းကျင်က အကြောင်းကြားလို့ သိခဲ့ရတာပါ။ ခန့်မှန်းအသက်ကတော့ (၄၅)နှစ် ဝန်းကျင်လောက်ဖြစ်မယ်။ တာဝန်ရှိတဲ့လူတွေ လာပြီးစစ်ဆေးနေကြတယ်”ဟု လူမှုကူညီရေးအသ င်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီး ‌ေ-သ-ဆုံးနေမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကာ ရုပ်အ-လောင်းအား မကွေးတိုင်း ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here