သံဖြူဇရပ်မြို့တွင် ၆ ဘီးကားစလစ်ဖြစ်ပြီး လမ်းဘေးဆိုင်အားဝင်တိုက်

0
205

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့ရှိ ကျိုက္ခမီ-စက်စဲသွားကားလမ်းတွင် အောက်တိုဘာ ၅ ရက်(ယ နေ့)နေ့လည် ၁ နာရီခွဲခန့်က ၆ ဘီးကားစလစ်ဖြစ်ပြီး လမ်းဘေးရှိစျေးဆိုင်အားဝင်တိုက်မိခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

“ကားကစလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကအိမ်ရှေ့မှာရှိတဲ့ ဆိုင်ကိုဝင်တိုက်မိတာ ကားပေါ်ကလူကော ဆိုင်ကလူကော ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး ပျက်စီးမှုတွေကတော့ရှိတယ် “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ပျက်စီးသွားခဲ့မှုများအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Photo-စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here