ငလျင်အတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့ (၁၉၀) ကျော် ပြင်ဆင်ထား

0
309

ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်ခပ်စိပ်စိပ် လှုပ်လာပြီးနောက်ပိုင်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့ပေါင်း ၁၉၀ ကျော် ပြင်ဆင်ထားကြောင်း ရန်ကုန် ရှင်သန်ရေးကူညီမှုအသင်းချုပ် YRO မှ သိရသည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ လူကယ်ပြန်၊ ကြက်ခြေနီအဖွဲ့များနှင့် ပူးပေါင်းပြီး လူအင်အား ၃၀၀၀၊ လူနာတင်ယာဉ် အစီးရေ ၅၀၀ ကျော်တို့ဖြင့် အရေးပေါ် ကယ်ဆယ်‌ရေးအဖွဲ့ပြင်ဆင်ထားကြောင်း သိရသည်။

“ ငလျင်က ဘယ်ချိန်ဘယ်ခါ လှုပ်မယ်ဆိုတာ ဘယ်သူမှကြိုမသိနိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က အရေးပေါ်ကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားတာပါ”ဟုရန်ကုန် ရှင်သန်ရေးကူညီမှုအသင်းချုပ် YRO မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ငလျင်လှုပ်ခြင်း၊ ရေကြီးရေလျှံမှုစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက မြို့နယ်အသီးသီးရှိ လူမှုကူညီရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များကို ဆက်သွယ်အကူညီတောင်းခံနိုင်ပြီး ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက် ဆေးရုံအသီးသီးရှိ ဆရာဝန်များနှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ရန်ကုန်၊ ပဲခူး၊ မှော်ဘီ၊ တိုက်ကြီးနှင့် လှည်းကူးမြို့ အနီးပတ်ဝန်းကျတို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိသော ငလျင်ငယ်များ (၁၀)ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ကြောင်း မိုးဇ/လ၏ အသိပေးထုတ်ပြန်မှုများမှတဆင့် သိရသည်။

ပုံစာ-23 ရက်နေ့ စက်တင်ဘာလကငလျင်လှုပ်ခတ်မှုကြောင့် မှော်ဘီမြို့နယ် ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိ ကျေးဇူးဆပ်ဗိမာန်တော်ကြီးတွင် ဖြစ်ပေါ်ခဲ့သော အပျက်အစီးများ


LEAVE A REPLY

Please enter your comment!
Please enter your name here