ဒဂုံမြောက်ပိုင်း၌ EV ကားအားသွင်းထားစဥ် မီးလောင်မှုဖြစ်ပွား

0
396

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊(၃၁)ရပ်ကွက်၊သခင်ဗစိန်လမ်းတွင် အောက်တိဘာ ၅ ရက်ညပိုင်းက EV ကားအားသွင်းထားစဥ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၁ နာရီ ၁၀ မိနစ်ခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊(၃၁)ရပ်ကွက်၊သခင်ဗစိန်လမ်းရှိ တိုက်အမှတ်(၂၂)အောက်တွင်ရပ်၍အားသွင်းထားသည့် EV ကားမီးလောင်မှုဖြစ်ပွား၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

“EV ကားအားသွင်းထားတုန်းမီးလောင်တာ ထိ ခိုက်ဒဏ်ရာရသူမရှိပါဘူး ကားကတော့တစ်စီးလုံးပျက်စီးသွားတယ် တခြားကိုကူးစက်လောင် ကျွမ်းတာလည်းမရှိပါဘူး”ဟု လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၁ နာရီ ၁၄ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here