“ချစ်မေတ္တာ”ဖောင်ဒေးရှင်းမှ “မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် စားနပ်ရိက္ခာများလှူဒါန်း

0
222

“ချစ်မေတ္တာ”ဖောင်ဒေးရှင်းမှ “မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် စားနပ်ရိက္ခာများအား အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ ASIA World ဆိပ်ကမ်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ “ချစ်မေတ္တာ” ဖောင်ဒေးရှင်းက ဂျပန်နိုင်ငံမှ မှာယူကာပေးအပ်လှူဒါန်းသည့် ဂျပန်ယမ်း ၁၂၄၀၄၆၁၀ တန်ဖိုးရှိ စားနပ်ရိက္ခာများအား လက်ခံရယူခဲ့သည်။

“ချစ်မေတ္တာ”ဖောင်ဒေးရှင်းကဂျပန်နိုင်ငံမှ မှာယူပြီး ရန်ကုန်မြို့သို့ကုန်တင်သင်္ဘောဖြင့်ရောက်ရှိလှူဒါန်းသည့် စားနပ်ရိက္ခာများသည် ရခိုင်ပြည်နယ်အတွင်း စတုဒီသာကျွေးမွေးမှုအစီအစဥ်သည် အထောက်အပံ့ကောင်းတစ်ခုဖြစ်သည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းကပြောကြားခဲ့သည်။

ထို့ပြင် “ချစ်မေတ္တာ”ဖောင်ဒေးရှင်း၏ မန်နေဂျင်းဒါရိုတ်တာဦးစိုင်းထွန်းကျော်မှလည်း ဖောင်ဒေးရှင်းအနေဖြင့် လှူဒါန်းမှုများကိုဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

“ချစ်မေတ္တာ”ဖောင်ဒေးရှင်းမှ ဂျပန်ယမ်း ၁၂၄၀၄၆၁၀ တန်ဖိုးရှိ အသင့်စားထမင်း၊ငါးသေတ္တာစည်သွပ်ဗူး၊ငါးကွမ်းရှပ်စည်သွပ်ဗူး၊ဟင်းသီးဟင်းရွက်ဖျော်ရည်၊အချိုရည်မျိုးစုံ (၅၆၄၉၂ ဒသမ ၈ )ကီလိုဂရမ်အား “မိုခါ”မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Photo-Ko Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here