လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေ၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန် ကြိုးပမ်းနေကြောင်း စွမ်းအင်ဝန်ကြီးပြော

0
235

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေ၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန်ကြိုးပမ်းလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပထမအကြိမ် စွမ်းအင်ဖိုရမ် တက်ရောက်ရန် ကာဇက်စတန်နိုင်ငံ၊ Astana မြို့သို့ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာ (၅) ရက် နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံ၊ စွမ်းအင်ဝန်ကြီး Mr. Satkaliyev Almassadam နှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ထွက်ရှိသော်လည်း ထိရောက်စွာအသုံးချနိုင်ခြင်းမရှိသေးဘဲ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိနေ၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန် ကြိုးပန်းလျက်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကာဇက်စတန်နိုင်ငံသည် ကျောက်မီးသွေးထွက်ရှိသော နိုင်ငံဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ကျောက်မီးသွေးမှ ထုတ်လုပ်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ကျောက်မီးသွေး မှ လျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာဆိုင်ရာများ၊ Human Resource (HR) ဆိုင်ရာများ၊ အထူးသဖြင့် ရေနံရှာဖွေရေးဘာသာရပ်၊ ရေနံအင်ဂျင်နီယာဘာသာရပ်၊ ရေနံဓာတုဘာသာရပ်များနှင့် သတ္တုဗေဒ ဘာသာရပ်များကို Academic သာမဟုတ်ဘဲ On-job Training သင်တန်းများ ကူညီပေးရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ နောင်တွင်လည်း စွမ်းအင်ဝန်ကြီးများ Bilateral အစည်းအဝေးကျင်းပရန်ရှိသည်ဟု ကာဇက်စတန်နိုင်ငံ၊ စွမ်းအင်ဝန်ကြီး ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here