စစ်တွေမြို့တွင် သားအဖနှစ်ဦး ပစ်-ခတ်ခံရမှုကြောင့် ဖခင်ဖြစ်သူသေ-ဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရ

0
188

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် အောက်တိုဘာ (၅) ရက်ညပိုင်းက သားအဖနှစ်ဦး သေနတ်ဖြင့်ပစ်-ခတ်ခံခဲ့ရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ ည (၈) နာရီခွဲခန့်က အမည်မသိအမျိုးသားများသည် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ အေးသာယာလမ်းတွင် အသက် (၆၀) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၎င်း၏ သမီးဖြစ်သူတို့အား သေ-နတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်-ခတ်ခံရမှုကြောင့် ယင်းအမျိုးသားတွင် ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ)နှင့် သမီးဖြစ်သူတွင် ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့ကြသဖြင့် ဒေသခံလူမှုကူညီရေးအသင်းမှ စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသော်လည်း ဖခင်ဖြစ်သူမှာ ဆေးရုံအရောက်တွင်သေ-ဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here