ဈေးဝယ်စင်တာပစ်-ခတ်မှု၌သေ-ဆုံးသွားသူအမျိုးသမီးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားသို့မြန်မာသံအမတ်တက်ရောက်

0
336

ဘန်ကောက်၊အောက်တိုဘာ ၆

အောက်တိုဘာလ ၃ ရက်နေ့ကဖြစ်ပွားခဲ့သော ဘန်ကောက်ဈေးဝယ်စင်တာပစ်ခတ်မှု၌ သေ-ဆုံးသွားသူမြန်မာအမျိုးသမီးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားသို့ မြန်မာသံအမတ်တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ သေ-ဆုံးသူအမျိုးသမီး၏ လုပ်ဖော်ကိုင်ဖက်များနှင့်အသိမိတ်ဆွေများလာရောက်ကြသော်လည်း ပြစ်မှုကျူးလွန်သူ၏မိဘများကိုမတွေ့ရှိရကြောင်းလည်းဖော်ပြထားသည်။

အခမ်းအနားသို့တက်ရောက်လာသော ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ် ဦးသန်းထွေးသည် သေ-ဆုံးသူအမျိုးသမီး၏ အလုပ်ရှင်နှင့်တကွ လုပ်ဖော်ကိုင်ဖက်များနှင့်ပါတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုကလည်း သေ-ဆုံးသူအမျိုးသမီး၏မိသားစုအား နစ်နာကြေးထောက်ပံ့စေခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံသို့သွားရောက်တွေ့ဆုံလှူဒါန်းမှုများလုပ်ခဲ့ကြောင်းသိရသည်။

ကွယ်လွန်သူအမျိုးသမီး၏မိခင်အား မြန်မာသံရုံးက ဆက်သွယ်ကာ နာရေးအခမ်းအနားသို့တက်ရောက်နိုင်ရန် စီစဉ်ပေးခဲ့သည်ဟုလည်းသိရသည်။‌ကွယ်လွန်သူ၏မိခင်သည် မြန်မာသံရုံးအကူအညီဖြင့် မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ အခင်းဖြစ်ပြီးနောက်ရက်တွင်ရောက်ရှိလာခဲ့သည်ဟုလည်းဆိုသည်။

ကွယ်လွန်သူအမျိုးသမီး၏ အလုပ်ရှင်က ပြစ်မှုကျူးလွန်သူ၏မိဘများထံဆက်သွယ်ခဲ့ရာ ၎င်းတို့အနေဖြင့် ယခုဖြစ်ရပ်အတွက်တောင်းပန်ပြီးစိတ်မကောင်းကြောင်းပြောကြားခဲ့သော်လည်း နာရေးအခမ်းအနားသို့တက်ရောက်နိုင်ခြင်းမရှိကြောင်းပြောကြားခဲ့သည်ဟုသိရှိရသည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here