ကျင်စန်းကျော့ နယ်စပ်ဂိတ်တွင် ရှန်တိန်စနစ်အစား တိုက်ရိုက်ယာဉ်မောင်းနှင်မှု စတင်

0
212

တရုတ် – မြန်မာနယ်စပ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်တွင် ရှန်တိန်စနစ်အစား ယာဉ်မောင်းများ တိုက်ရိုက်မောင်းနှင်မှုကို ယနေ့ အောက်တိုဘာ (၆) ရက်တွင် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသ ည်။

အဆိုပါ အစီအစဥ်အရ ယာဉ်မောင်းများနှင့်ယာဉ်အကူအား ကျင်စန်းကျော့ဂိတ်တွင် တခါသုံးကဒ် TBP ထုတ်ပေးသွားမည်ဖြစ်ပြီး ဝမ်တိန်သို့တိုက်ရိုက်မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

” ဒီနေ့ကစပြီး အစားထိုးယာဉ်မောင်းစနစ်ကို ပယ်ဖျက်ပြီးတော့ ယာဉ်မောင်းတိုက်ရိုက် မောင်းနှင်တဲ့စနစ်ကို ပြောင်းလိုက်တာ။ ကိုဗစ်တွေဖြစ်တော့ တရုတ်ဘက်က အစားထိုးယာဉ်မောင်းစနစ်ကို ကျင့်သုံးခဲ့တာ။ အဲဒီအတွက် စရိတ်လည်းပိုကုန်တယ်”ဟု မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ကုန်သည်တစ်ဦးက ပြောသည်။

ကိုဗစ် စည်းကမ်းသတ်မှတ်ချက်အရ ရှန်တိန် စနစ်အသုံးပြုခြင်းဖြစ်ပြီး မူဆယ် (၁၀၅) မိုင် ရွှေမိုင်းယုဘက်မှ တရုတ်ဘက်သို့ဝင်သည့် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်ဝအထိ ရှန်တိန် အဆင့် လေးငါးဆင့် ငှားရကြောင်း သိရသည်။

ယာဉ်မောင်းများအနေဖြင့် လတ်တလောဝင်ရောက်မည့် Export ဆိုင်ရာအချက်အလက် စာရွက်စာတမ်းများ (Ed& Allowed shipment)နှင့် မော်တော်ယာဉ် အထောက်အထားခိုင်လုံပါက လာမည့်ရက်ပိုင်းအတွင်း TBP ကဒ်ဖြင့် covid – 19 ရောဂါကာလ မတိုင်ခင်ကကဲ့သို့ နယ်စပ်ဖြတ်သန်း၍ တိုက်ရိုက်မောင်းဝင်နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here