ပျဥ်းမနား ဆင်ဖြူတောင် ကျင်းဟောင်းအတွင်းဝင်၍ ရွှေတူးဖော်ရာမှမြေပြိုကျ၍ ၂ ဦးသေ-ဆုံး ၁ ဦးဒဏ်ရာရ

0
259

နေပြည်တော်၊ပျဥ်းမနားမြို့နယ်၊ဝဲကြီးကျေးရွာအနီး ဆင်ဖြူတောင်ရှိ ကျင်းဟောင်းမြေပြိုကျခဲ့မှု အောက်တိုဘာ ၆ ရက်မွန်းတည့်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က ပျဉ်းမနားမြို့နယ်၊ဝဲကြီးကျေးရွာအနီး ဆင်ဖြူတောင်ရှိ ကျင်းဟောင်းအတွင်းသို့ အမျိုးသား ၃ ဦးဝင်ရောက်၍ရွှေတူးဖော်ရာမှ မြေပြိုကျကာပိတ်မိသွားခဲ့သဖြင့် ပျဉ်းမနားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊တာဝန်ရှိသူများ၊လူမှုကူညီရေးအသင်းဝင်များနှင့်ကြက်ခြေနီအသင်းဝင်များက ရှာဖွေကယ်ဆယ်ခဲ့ကြသည်။

ထိုသို့ ရှာဖွေခဲ့ကြသဖြင့် ကျင်းဟောင်းအတွင်းပိတ်မိနေသည့် အမျိုးသား ၃ ဦးအနက် ၂ ဦးအားသေ-ဆုံးလျက်နှင့်တစ်ဦးအား ထိခိုက်ဒဏ်ရာများရရှိလျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေ-ဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူတို့အား ပျဥ်းမနားမြို့နယ်ကြက်ခြေနီအသင်းနှင့်မိုးစေတနာပရဟိတအသင်းတို့မှ ပျဉ်းမနားကုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here