ဘန်ကောက်ပစ်ခတ်မှုတွင် သေ-ဆုံးခဲ့သည့် မြန်မာအမျိုးသမီး၏ ကျန်ရစ်သူ မိသားစုကို အလုပ်ရှင်သူဌေးမှ လစဉ်ဘတ်တစ်သောင်း ထောက်ပံ့မည်

0
241
An ambulance is seen outside Siam Paragon shopping centre in Bangkok on October 3, 2023, following a shooting incident in the mall. (Photo by Jack TAYLOR / AFP)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုန်တိုက်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် သေ-ဆုံးသွားသည့် မမိုးမြင့်၏ ကျန်ရစ်သူ မိသားစုကို အလုပ်ရှင်သူဌေးမှ ၎င်းမကွယ်လွန်မီအချိန်ထိ လစဉ် ဘတ်တစ်သောင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများထံမှ သိရသည်။

အောက်တိုဘာလ (၃) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းပစ်ခတ်မှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးတို့ သေ-ဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေ-ဆုံးသွားသည့် မမိုးမြင့်၏ နာရေးကို အောက်တိုဘာလ (၈) ရက်တွင် ပြုလုပ်မည်ဖြစ်ပြီးသေ-ဆုံးသူနှစ်ဦးအတွက် ထိုင်းတရားရေးရာဝန်ကြီးဌာနမှ တစ်ဦးလျှင် ဘတ်နှစ်သိန်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးကုသရန်အတွက် ဘတ်လေးသောင်း၊ပြန်လည်ထူထောင်ရေးအတွက် ဘတ်နှစ်သောင်း၊ အလုပ်မလုပ်နိုင်သူများအတွက် တစ်ရက်လျှင် သုံးရာငါးဆယ့်ငါးဘတ်ကို နေ့စဉ်တစ်နှစ်အထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် အသက် (၁၄) နှစ်အရွယ် ထိုင်းနိုင်ငံသားကို လူသ-တ်မှု၊ လူသ-တ်ရန် ကြိုတင်ကြံစည်မှု၊ လူသ-တ်ရန် ကြိုးပမ်းမှု၊ လက်နက်လက်ဝယ်တွေ့ရှိမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူသွားလာရာနေရာတွင် သေ-နတ်ဖြင့် ပစ်ခတ်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here