နောက်(၂)ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်နှင့် မွန်တို့တွင် မိုးပိုလာနိုင်

0
320

မိုးလေဝသနှင့် ဇလ​ဗေဒညွှန်ကြားမှူဦးစီးဌာန၏ ထုတ်ပြန်ခန့်မှန်းချက်အရ နောက်(၂)ရက်အတွင်း   တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ကြောင်း သိရသည်။

ထူးခြားသည့်အခြေနေမှာ တောင်တရုတ် ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း ကိုအိနူ(Koinu) သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ အားကောင်းသော အပူပိုင်းမုန်တိုင်း ကိုအိနူ (Koinu) အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအား အသင့်အတင့် ရှိကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်း(မြောက်ပိုင်း)နှင့် ကယားတို့တွင် နေရာကွက်ကျား၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း(အရှေ့ပိုင်း)၊ ချင်းနှင့် ရခိုင်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ကချင်နှင့် ရှမ်း(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်သည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်နှင့် န္တလေးမြို့နှင့်အနီးတစ်ဝိုက် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here