ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်နှင့်ကားတိုက် ၂ ဦးဒဏ်ရာရ

0
254

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ မန္တလေး – လားရှိုးသွားကားလမ်းပေါ်တွင် ယနေ့ အောက်တိုဘာ (၆)ရက်နေ့လယ်ပိုင်းက ဆိုင်ကယ်နှင့် ကားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“ဆိုင်ကယ်ပေါ်က (၂) ယောက်ဒဏ်ရာရတယ်။ နှစ်ယောက်လုံးဒဏ်ရာပြင်းထန်တယ်။ ဒဏ်ရာရတဲ့ ၂ ယောက်ကဘယ်ကလဲ ဆိုတာတော့ လူနာတွေက အရေးကြီးတဲ့အတွက် မမေးကြည့်ဖြစ်လိုက်ပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ (စိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၂)ဦးအား သန္တိသုခ အခမဲလူမှုကူညီရေးအသင်းနှင့် မိတ်ဖက်အသင်းတို့မှ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သန္တိသုခအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here