လောရန့်စ်ဝေါင်း အမေရိက သို့ အလုပ်သဘောခရီးစဉ်အဖြစ် ၁၁ ရက်ကြာသွားရောက်မည်

0
1614
Singapore’s Deputy Prime Minister and Minister for Finance Lawrence Wong delivers a speech during the Singapore Fab expansion grand opening in Singapore on September 12, 2023. - The world's third-largest contract chipmaker GlobalFoundries opened a $4 billion manufacturing plant in Singapore on Tuesday as part of a global expansion to help ease an industry supply crunch. (Photo by Roslan RAHMAN / AFP)

စင်္ကာပူ၊အောက်တိုဘာ ၅

စင်္ကာပူဒုတိယဝန်ကြီးချုပ်မစ္စတာလော်ရန့်စ်ဝေါင်းသည် အမေရိကရှိ အရီဇိုးနား၊နူးယော့ခ်နှင့် ဝါရှင်တန်မြို့များသို့ အလုပ်သဘောခရီးစဉ်အဖြစ် ၁၁ ရက်ကြာသွားရောက်မည်ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ယခုခရီးစဉ်သည် မစ္စတာလော်ရန့်စ်ဝေါင်း၏ ဒုတိယဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ပြီးကတည်းက ပထမဆုံးအကြိမ်မြောက် အမေရိကခရီးစဉ်လည်းဖြစ်သည်။ယခုခရီးစဉ်‌၌ နှစ်နိုင်ငံအကြား “ခိုင်မာသည့် ဘက်စုံဆက်ဆံရေး” ကို တည်ဆောက်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မစ္စတာဝေါင်းသည် အရီဇိုးနား၌ရှိပြီး သက်တမ်းအရှည်ဆုံးဖြစ်သည့် ပြည်ပတပ်ဆွယ်တစ်ခုဖြစ်သော Peace Carvin II လေတပ်သို့လည်းသွားရောက်မည်ဖြစ်ကြောင်းသိရသည်။

ယင်းနောက်၎င်းသည် နူးယော့ခ်၌ GIC ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးသို့လည်းတက်ရောက်မည်ဖြစ်ကာ ဝါရှင်တန်ဒီစီ၌မူ ဘိုင်ဒင်အစိုးရ၏ အစိုးရအဖွဲ့ဝင် ဝ်နကြီးများနှင့်အကြီးတန်းအရာရှိများနှင့်ပါတွေ့ဆုံကာ နယ်ပယ်သစ်များ၌ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေး ဆွေးနွေးမည်ဟုလည်းသိရသည်။

Source : စီအင်န်အေ/အေအင်န်
Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here