ကိုယ်ပိုင်ကျောင်းနှင့် ပုဂ္ဂလိကကျောင်းများ အောက်တိုဘာ (၃၁) ရက် နောက်ဆုံးထား၍ မှတ်ပုံတင်လျှောက်ထားရန် လျှောက်လွှာခေါ်ယူထား

0
711

၂၀၂၄ -၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ သင်ရိုး ညွှန်းတမ်းဖြင့် သင်ကြားသော ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိက ကျောင်းများအနေဖြင့် ယခုအောက်တိုဘာလ (၃၁) ရက်နောက်ဆုံးထား လျှောက်ထားရန် ပညာရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးထားသည်။

ကိုယ်ပိုင်ကျောင်း သို့မဟုတ် ပုဂ္ဂလိကကျောင်းအသစ် တည်ထောင် ဖွင့်လှစ်လိုသူများနှင့် သက်တမ်းတိုး၊ သက်တမ်းကျန် ကျောင်းအဆင့်တိုး၊ တည်ထောင်သူပြောင်း၊ တည်နေရာပြောင်း၊ တည်နေရာတိုးချဲ့၊ ကျောင်းအမည်ပြောင်း စသဖြင့် လျှောက်ထားလိုသူများ အနေဖြင့် ကျောင်းမှတ်ပုံတင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှုးရုံးများမှ စိစစ်ကာ ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လျှောက်လွှာများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှုးရုံးများသို့ ယခုအောက်တိုဘာလ (၃၁) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မေလတွင် ပုဂ္ဂလိကပညာရေး ဥပဒေကို အသစ်ပြဌာန်းထားပြီး ကိုယ်ပိုင်နှင့် ပုဂ္ဂလိက ကျောင်းများတွင် စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုများ စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်အဖြစ်အနည်းဆုံး (၆) လမှ (၂)နှစ်အထိသတ်မှတ်ထားပြီး ငွေဒဏ်အနေဖြင့် အနည်းဆုံးကျပ်သိန်း (၃၀) မှ အများဆုံးသိန်း (၅၀၀) အထိ သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here