အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန်၊ စားအုန်းဆီနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းဈေးနှုန်းများတည်ငြိမ်ရေး ဦးစားပေး လုပ်ဆောင်နေကြောင်း စီမံဘဏ္ဍာဝန်ကြီးပြော

0
210

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့်
ပြည်တွင်းရှိ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၊ ဆီနှင့် မီးဖိုချောင်သုံး ကုန်ပစ္စည်းဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး ဦးစားပေး ဆောင်ရွက်နေကြောင်း ကော်မတီ ဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အောက်တိုဘာ (၆) ရက် နံနက် (၉) နာရီခွဲက နေပြည်တော်၌ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှပြုလုပ်သော ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးများတွင်လည်း အဓိကစားသောက်ကုန်ဖြစ်သည့် ဆန်၊ စားသုံးဆီတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ဆန်နှင့်ဆီသည် အဓိကစားသောက်ကုန်ပစ္စည်းများဖြစ်သည့်အတွက် ဆန်ဈေးနှုန်းနှင့် ဆီဈေးနှုန်းတည်ငြိမ်ရေးကို ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်ကာ လုပ်ငန်းရှင်များအ နေဖြင့် စီးပွားရေးအရ အကျိုးအမြတ် ရရှိရန်လိုအပ်သကဲ့သို့ စားသုံးသူ ပြည်သူလူထုအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်သည့် သင့်တင့် မျှတသောဈေးနှုန်းများဖြစ်ရန်လိုအပ်သည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့အသီးသီးမှ ဆန်နှင့်စားသုံးဆီဈေးနှုန်းများတည်ငြိမ်ရေးနှင့် ပတ်သ က်၍ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုများအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီမှတာဝန်ရှိသူများနှင့်တက်ရောက်လာကြသူများက အခြေခံစားကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ထိန်းကျောင်းဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here