မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း(၂) နှစ်မြောက် နှစ်ပတ်လည် တွေ့ဆုံပွဲကျင်းပ

0
380

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း(၂) နှစ်မြောက် နှစ်ပတ်လည်တွေ့ဆုံပွဲအား အောက်တိုဘာ (၆) ရက်ကကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သည် မိမိကိုယ်တိုင်ဖွဲ့စည်းဖွင့်လှစ်ပေးခဲ့သည့် ပထမဦးဆုံးသော နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်ကာ နှစ်နှစ်တာကာလအတွင်း တပ်ဖွဲ့၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဖွဲ့စည်းပုံပိုင်းဆိုင်ရာများတွင် တတ်နိုင်သမျှ ပြည့်စုံအောင် နိုင်ငံတော်မှ ဖြည့်ဆည်းပေးခဲ့ပြီး ဆက်လက်၍လည်း ဖြည့်ဆည်းပေးသွားမည်ဟု ပြောကြားခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်များအနေဖြင့် မိမိနိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့သမိုင်းသစ်တစ်ခုကို စတင်ခဲ့ကြခြင်းဖြစ်သ ည့်အတွက် စံပြုတပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားကြရန်လည်း မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ထမ်းဆောင်မှု နှစ်နှစ်တာကာလအတွင်း ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များနှင့် ရှာဖွေကယ်ဆယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊စစ်သည်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်အတွင်း နိုင်ငံ၏ ပိုင်နက်ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက် ရာသီဥတု အခြေအနေနှင့် လှုပ်ရှားမှုများကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ကာ သတင်းအချက်အလက်စုဆောင်းမှု စနစ်ဖြင့် တာဝန်ထမ်းဆောင်နေမှု၊ တပ်ဖွဲ့ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှု၊ စာကြည့်တိုက် ပြုလုပ်ထားရှိမှုနှင့် ကမ်းခြေစောင့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေယာဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၆) ရက်မှ စတင်ကာ မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေးလုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့်လူသားချင်း စာနာမှုအ ထောက်အကူပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ အရေးပေါ် အချိန်တွင် တပ်မတော် (ရေ)အား အထောက်အကူပြုနိုင်ရန်စသည့် ရည်မှန်းချက်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here